သံလွင်မြစ်ရေကြီးတာကြောင့် ဘားအံဒေသခံ ရှစ်ထောင်ကျော် နေရာရွှေ့ပြောင်းရ

RFA Burmese
2024.07.29
သံလွင်မြစ်ရေကြီးတာကြောင့် ဘားအံဒေသခံ ရှစ်ထောင်ကျော် နေရာရွှေ့ပြောင်းရ ဘားအံမြို့က ရေဘေးသင့်ဒေသခံတွေကို စစ်ကောင်စီအစိုးရအဖွဲ့ဝင်တွေ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က သွားရောက်တွေ့ဆုံအားပေးနေစဉ်။
MYANMAR MILITARY

ကရင်ပြည်နယ် ဘားအံမြို့မှာ မိုးသည်းထန်ပြီး သံလွင်မြစ်ရေကြီးတာကြောင့် ဒေသခံ ရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းတွေကို နေရာရွှေ့ပြောင်းထားရပါတယ်။

ရေဘေးကြောင့် ဘားအံမြို့နယ်မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၀) ခု ဖွင့်လှစ်ထားပြီး အမျိုးသား လေးထောင်ကျော် (၄,၁၃၀ ဦး)၊ အမျိုးသမီး လေထောင့်ငါးရာနီးပါး (၄,၄၈၆ ဦး) စုစုပေါင်းလူဦးရေ ရှစ်ထောင့်ငါးရာကျော် (၈,၆၁၆ ဦး) ကို နေရာချထားပေးတယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သံလွင်မြစ်ရေဟာ ဇူလိုင် ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ခြောက်ပေကျော်လွန်နေတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သံလွင်မြစ်ရေဟာ နောက်တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းနိုင်ပေမဲ့ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။

အလားတူ မြစ်ရေကြီးတာကြောင့် ပဲခူး၊ ပုသိမ်၊ ဘီးလင်း၊ ဇလွန်နဲ့ ဟင်္သာတမြို့တွေအပါအဝင် နိုင်ငံအနှံက မြို့ ၁၀ ခုမှာလည်း ရေဘေးအန္တရာယ်ကြုံနေရတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။