ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ခြောက်ဆယ်ကျော် ဖြစ်ပွား

RFA Burmese
2024.09.19
ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ခြောက်ဆယ်ကျော် ဖြစ်ပွား ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က တွေ့ရစဥ်။
KNU- Mutraw News Photo

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ စက်တင်ဘာ ၁ ရက်ကနေ ၁၅ နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့က KNU ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖာပွန်ခရိုင်ထဲက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီး အကြိမ် ကိုးဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၁၈ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၁၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။