အလုပ်သမားအခွင့်ရေးဆိုင်ရာ ဆွေးနွေးပွဲ ထန်းတပင်မှာ ပြုလုပ်
2011.07.24
ကုလသမဂ္ဂ ပြဌာန်းချက်ပါ အခြေခံ အလုပ်သမား အခွင့်အရေးတွေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ရရှိ ခံစားနိုင်မယ့် အလုပ်သမား အခွင့်အရေးတွေကို ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဦးဆောင်ဆွေးနွေးရာမှာ ပါဝင်တဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများ အဖွဲ့က ဦးမောင်မောင်လေးက ပြောပြပါတယ်။
“အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခြေခံ အခွင့်အရေးတွေ၊ ILO Convention တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို Workshop သွားလုပ်ပေးနေတာပါ။ အလုပ်သမား အခွင့်အရေး သဘောတူညီချက် (၂၉) ဖြန့်ဝေပါတယ်၊ အဓမ္မ လုပ်အား ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေး ဖြန့်ဝေပါတယ်”
ဒီဆွေးနွေးပွဲကို ဒေသခံ အလုပ်သမား ၃ဝ ကျော်လောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရရှိတဲ့အတွက် အလုပ်သမားတွေ ကိုယ်တိုင် တည်ဆဲဥပဒေတွေနဲ့ နိုင်ငံတကာ သဘောတူညီချက်ပါ အလုပ်သမား အခွင့်အရေးတွေကို သိရှိနားလည်စေဖို့ အဓိကရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။