ဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းကို ဖိအားပေးဖို့ HRW တောင်းဆို

RFA Burmese
2024.11.07
ဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းကို ဖိအားပေးဖို့ HRW တောင်းဆို ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။
Ministry of Information

နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ပြန်မပို့ရေး နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေး ကုလကော်မတီက ဖိအားပေးဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာလ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တရုတ်၊ မြန်မာနဲ့ ဗီယက်နမ် အပါအဝင် အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပန်းတဲ့မှတ်တမ်းတွေရှိတဲ့ အခြားနိုင်ငံတွေဆီ ထိုင်းအစိုးရအာဏာပိုင်တွေက ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်ရှာဖွေသူတွေကို ပြန်ပို့နေတယ်လို့ ဆိုပါတယ်။

ဒါဟာ အစိုးရတွေက နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့သူတွေကို နေရပ်တိုင်းပြည်ပြန်ပို့ခြင်းက တားမြစ်ထားတဲ့ ၂၀၀၇ ခုနှစ် ကုလကွန်ဗေးရှင်းကို ထိုင်းအစိုးရက ချိုးဖောက်နေတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေး ကုလကော်မတီဟာ အခုသီတင်းပတ်မှာ ထိုင်းနိုင်ငံရဲ့ မှတ်တမ်းတွေကို ပြန်လည်စိစစ်သွားဖို့ရှိနေပြီး ဥပဒေချိုးဖောက်မှုတွေအတွက် ထိုင်းအစိုးရကို ဖိအားပေးသင့်တယ်လို့ HRW က ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်တဲ့သတင်းတွေ အဆက်မပြတ်ဖော်ပြနေပေမဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာဒုက္ခသည်တွေကိုလည်း နယ်စပ်မှာ နေရပ်ပြန်ပို့နေတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက ဥပဒေလိုက်နာမှုမရှိဘဲ လိုက်နာသလို ဟန်မဆောင်နိုင်ဖို့ နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေး ကုလကော်မတီက ထိုင်းအာဏာပိုင်တွေကို မေးခွန်းထုတ်သင့်ပြီး ပြန်လည်ဖြေကြားမှုတွေက အရေးပါတယ်လို့ HRW က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။