ကုလညီလာခံ ဆုံးဖြတ်ချက်အပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ ထပ်မံတောင်းဆို
2010.11.21
မြန်မာပြည်သူတွေ အပါအဝင်ကမ္ဘာ့ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာကို ဝမ်းသာ ကြိုဆိုနေသလိုပဲ တချိန်ထဲမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားတွေကိုပါ ခြေလှမ်းတိုးပြီး လွှတ်ပေးဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ HRW ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကို ချွင်းချက်မရှိ အမြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အလားတူပဲ နာမည်ကျော်ဟာသသရုပ်ဆောင် ကိုဇာဂနာ၊ အလုပ်သမားအခွင့်ရေးလှုပ်ရှားသူ မစုစုနွေး၊ သံဃာ့ အရေးအခင်း ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ၊ အင်တာနက်ဘလောက်ဂ် ရေးသားသူ ကိုနေဘုန်းလတ်တို့ကိုလည်း ဦးစားပေးလွတ်ပေးဖို့လည်း HRW ရဲ့ ကြေငြာချက်မှာ တောင်းဆိုထားပါတယ်။
အလားတူပဲ ဗြိတိန်နိုင်င့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက နိုင်င့ရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုတရပ်ကို နိုဝင်ဘာ ၁၉ ရက်နေ့စွဲနဲ့ ကြေငြာ ချက်တစောင်ထုတ်ပြန်ထားပါတယ်။