မြန်မာက လူ့အခွင့်အရေးကာကွယ်သူကို အမေရိကန် ဆုချီးမြှင့်

RFA Burmese
2024.12.09
မြန်မာက လူ့အခွင့်အရေးကာကွယ်သူကို အမေရိကန် ဆုချီးမြှင့် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့က Lithuania နိုင်ငံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။
Photo: AFP

မြန်မာအပါအဝင် နိုင်ငံရှစ်ခုက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရက ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဆုရရှိသူတွေရဲ့ အမည်စာရင်းကိုတော့ ထည့်သွင်းထုတ်ပြန်တာမရှိပါဘူး။

၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ် နိုင်ငံတွေက လူ့အခွင့်ရေးဆောင်ရွက်သူတွေကို ချီးမြှင့်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း ပြဋ္ဌာန်းလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၅၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။