မြန်မာ့အရေး အားလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ဖို့ အင်ဒိုနီးရှားကြိုးပမ်းနေ

RFA Burmese
2023.08.21
မြန်မာ့အရေး အားလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ဖို့ အင်ဒိုနီးရှားကြိုးပမ်းနေ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ (Retno Marsudi)။
Reuters

မကြာခဏမီးမောင်းထိုးပြခံနေရတဲ့ မြန်မာ့အရေးဟာ အာဆီယံကိုယ်တိုင်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ (Retno Marsudi)က ပြောဆိုကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် အင်ဒိုနီးရှားသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဆူမားတြားကျွန်းမှာ ပြုလုပ်တဲ့ အင်ဒိုနီးရှားရဲ့ Soft Power သံခင်းတမန်ခင်းအကောင်အထည်ဖော်ရေး လူထုဟောပြောပွဲမှာ အွန်လိုင်းဗီဒီယိုကတစ်ဆင့် ပြောခဲ့တာပါ။

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပနိုင်ရေးလိုမျိုး ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတွေရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဟာ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေရဲ့ သဘောထားအပေါ်မှာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းကို လေးစားလိုက်နာစေရေးအပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင် အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံအားလုံးက အစဥ်တစိုက်တောင်းဆိုနေတယ်လို့လည်း မစ္စ ရက်တ်နို မာဆူဒီက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ပွဲတွေအတွင်း ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ရေးကို ဆက်လက်တည်ဆောက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးနဲ့ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ်ကလည်း ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။