ပြည်လုံးကျွတ်သပိတ်မှောက်မယ့်နေ့မှာ အင်တာနက်ဖြတ်တောက်ဖို့ စစ်ကောင်စီညွှန်ကြား

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-02-21
Share
ပြည်လုံးကျွတ်သပိတ်မှောက်မယ့်နေ့မှာ အင်တာနက်ဖြတ်တောက်ဖို့ စစ်ကောင်စီညွှန်ကြား မြန်မာနိုင်ငံက Facebook သုံးစွဲသူတဦး
Photo- Reuters

တစ်နိုင်ငံလုံး အထွေထွေသပိတ်မှောက်မယ့် မနက်ဖြန် ဖေဖော်ဝါရီလ ၂၂  ရက်နေ့ မနက် ၁ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားတာလို့ အော်ရီဒူးလ် (မြန်မာ) က ဆင့် RFA က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့မှာ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားဖြစ်ပြီး ကျန်တဲ့မြို့တွေမှာတော့ ပုံမှန်အတိုင်း နံနက် ၁ နာရီကနေ မနက် ၉ နာရီအထိ ဖြတ်တောက်မှာဖြစ်တယ်လို့ အော်ရီဒူးလ် (မြန်မာ) ကဆိုပါတယ်။

မနက်ဖြန် တစ်နိုင်ငံလုံးမှာ "နှစ်" ငါးလုံး (၂၂-၂-၂၀၂၁) တော်လှန်ရေးအဖြစ် လူအင်အားအများအပြား လမ်းမပေါ်ထွက် ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ Facebook၊ Youtube၊ Instagram၊ Twitter နဲ့ Google သုံးစွဲတာတွေကို ဖြတ်တောက်ထားပေမယ့် လူငယ်အများစုကတော့ VPN လို့ခေါ်တဲ့ အင်တာနက်အတွင်း သတင်းအချက်အလက် ဖလှယ်မှု ပုံစံတစ်မျိုးကို အသုံးပြုပြီး ကန့်သတ် ပိတ်ပင်တာတွေကို ကျော်လွန် အသုံးပြုနေကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး အင်တာနက်ဖြတ်တောက်မှုတွေ ရှိလာနေပြီး စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ညအချိန်မတော်မှာ လိုက်လံဖမ်းဆီးတာ၊ သေနတ်ပစ်ခတ်  ဖြိုခွဲတာတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၄ နာရီကနေ ည ၈ နာရီအတွင်း ငါးယောက်ထက် လူမစုဖို့ ရန်ကုန်မြို့က ရပ်ကွက်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက ကားနဲ့ လိုက်လံနှိုးဆော်နေပါတယ်။

Anonymous says:
2021-02-21 19:53

We must ignore and not fear the any order by military coup

စိုင်းမောင်
စိုင်းမောင် says:
2021-02-21 23:51

ဒီမိုကရေစီ ဖြစ်ပေါ်မှု ပိုမိုနှောင့်နှေးမှုနှင့် ရင်ဆိုင်နေရပြီ ၂၀၂၁ ခုနှစ်

စိုင်းမောင်
စိုင်းမောင် says:
2021-02-21 23:57

၂၆.၂.၂၀၂၁ ဝန်ထမ်းများအား လစာပေးရန် မည်သို့စီမံထားသည်ကို သိရှိလိုပါသည် လစာပေးခြင်းမရှိပါက မတ်လတွင် မည်သို့အရောင်းအရာဖြစ်ပေါ်လာနိုင်ပါသနည်း

Htin linn
Htin linn says:
2021-03-01 00:27

I am also a student and I want to suggest that people should advoid facing against military corp.There is no way to get democracy by risking life by fighting againt military.Many politicians are misleading young people to the dead.
One of democratic country,American, Police forces also take serious actions when people don't obey the laws.Stop fighting against military and showing up upon streets which is blocking the traffic so badly and slower the developments in any fields.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့