မိုခါမုန်တိုင်းသင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဂျပန်က ဒေါ်လာနှစ်သန်း တိုးမြှင့်ထောက်ပံ့မည်

RFA Burmese
2023.06.06
မိုခါမုန်တိုင်းသင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဂျပန်က ဒေါ်လာနှစ်သန်း တိုးမြှင့်ထောက်ပံ့မည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ် စေတီတောင်အရှေ့ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။
RFA

မေလ ၁၄ ရက်နေ့ကတိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အရေးပေါ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာနှစ်သန်း ကူညီပေးဖို့ ဂျပန်အစိုးရက ဇွန်လ ၆ ရက် ဒီကနေ့ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ ဒုက္ခသည်စခန်းတွေရှိတဲ့ Cox’s Bazar အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တခြားနေရာတွေမှာ မိုခါမုန်တိုင်းဒဏ်နဲ့ နောက်ဆက်တွဲ ရေလွှမ်းမိုးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထောက်ပံ့ငွေဟာ စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ နဲ့ မိလ္လာစနစ်တို့အတွက်ဖြစ်ပြီး ဒီအကူအညီတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ IOM တို့ကနေတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို WFP ကတစ်ဆင့် စားနပ်ရိက္ခာအတွက် အမေရိကန်ဒေါ်လာ တစ်သန်း၊ ICRC ကတစ်ဆင့် ရေ၊ မိလ္လာစနစ်နဲ့ အမိုးအကာအတွက် ဒေါ်လာငါးသိန်း၊၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို IOM ကတစ်ဆင့် ရေနဲ့မိလ္လာစနစ်အတွက် ဒေါ်လာ ငါးသိန်း ထောက်ပံ့ကူညီသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။