မြန်မာနယ်စပ်က ဒုစရိုက်နယ်မြေမှာ ဂျပန်ခြောက်ဦး ဖမ်းဆီးခံထားရ

RFA Burmese
2025.01.15
မြန်မာနယ်စပ်က ဒုစရိုက်နယ်မြေမှာ ဂျပန်ခြောက်ဦး ဖမ်းဆီးခံထားရ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
Photo: RFA

ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံက ဒုစရိုက်နယ်မြေမှာ ဂျပန်လူမျိုးခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ လူကုန်ကူးခံရသူတွေကို အကူအညီပေးရေး ထိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့တစ်ဖွဲ့က ပြောကြားတဲ့အကြောင်း အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ဂျပန်အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရပြီး သူတို့ရဲ့ ပတ်ပို့စ် နိုင်ငံကူးလက်မှတ်တွေ သိမ်းခံထားရတဲ့အတွက် ချက်ချင်းကယ်ဆယ်ဖို့ မလွယ်ကူသေးဘူးလို့ ထိုင်းအရပ်ဘက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားတယ်လို့ ဆိုပါတယ်။

အဲဒီ ဒေသမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူခြောက်ထောင်ကျော် လူကုန်ကူးခံထားရတယ်လို့ ယုံကြည်ရကြောင်း အဲဒီကွန်ရက်အဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲ တရုတ်လူမျိုး အယောက် ၃၉၀၀ နဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနဲ့ ကင်ညာနိုင်ငံသားတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။ အများစုဟာ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရတာဖြစ်ပြီး ဒုစရိုက်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခံနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။