စစ်ကောင်စီကိုယ်စားလှယ်တွေကို နယူးဇီလန်က လေ့လာရေးပိတ်

2023.05.26
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီကိုယ်စားလှယ်တွေကို နယူးဇီလန်က လေ့လာရေးပိတ် ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်။
Sai Aung MAIN / AFP

နယူးဇီလန်နိုင်ငံကို လေ့လာရေးသွားမယ့် အာဆီယံကိုယ်စားလှယ်အဖွဲ့မှာ မြန်မာစစ်ကောင်စီဘက်က အရာရှိတွေကို ပါဝင်ခွင့်မပြုဘူးလို့ ဆုံးဖြတ်ထားတဲ့အကြောင်း ဒေသတွင်းသတင်း ဆောင်းပါးတစ်ပုဒ်မှာ ဒီနေ့ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီလအစောပိုင်းမှာ နယူးဇီလန်က ကုန်ကျစရိတ်ပေးပြီး ပြည်ပနိုင်ငံမှာပြုလုပ်တဲ့ ကုန်သွယ်ရေး ဆိုင်ရာ အခမ်းအနားတက်ခွင့်ကိုတော့ ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးမှာ နယူးဇီလန်က မြန်မာစစ်ကောင်စီကို အကန့်အသတ်ထားပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချထားသလို၊ နိုင်ငံရေးအရ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးကို ဆိုင်းငံ့ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ကို နယူးဇီလန်က ကူညီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအကူအညီကို စစ်ကောင်စီကနေ ပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နယူးဇီလန်အစိုးရအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ ကိစ္စရပ်တစ်ခုချင်းအပေါ် မှာပဲ မူတည်ပြီး စဉ်းစားဆုံးဖြတ်လုပ်ကိုင်တယ်လို့ သိရပါတယ်။ 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။