ဝင်းကရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ နှစ်ဦး သေဆုံး

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.06
ဝင်းကရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ နှစ်ဦး သေဆုံး သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဝင်းကရဲစခန်းကို မေလ ၆ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ဝင်းကရဲစခန်းကို KNLA ၊ PDF ၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - KD ၊ KRF ၊ TPDF၊ ဘီးလင်း(ပကဖ) နဲ့ ကျိုက်ထို(ပကဖ) စတဲ့ ပူးပေါင်းအဖွဲ့တွေ နာရီဝက်ကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင်တပ်မဟာ ၁ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်း က ပြောပါတယ်။

မေလ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ ဘီးလင်းမြို့နယ် တောင်စွန်းရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဝင်ရောက်တိုက်ခိုက်တဲ့ ပူးပေါင်းအဖွဲ့တွေကတော့ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးတဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။