ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို လစဉ်ကျပ်သုံးသောင်း ထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာ

RFA Burmese
2024.07.26
ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို လစဉ်ကျပ်သုံးသောင်း ထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာ နေပြည်တော်တွင် စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးအခမ်းအနားတွင် အစိုးရဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီက လာမယ့် ဩဂုတ်လက စပြီး လက်ရှိ ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ်သုံးသောင်း ထမ်မံပေးသွားမယ်လို့ သူတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေကနေ ဇူလိုင်လ ၂၆ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလကလည်း နိုင်ငံ့ဝန်ထမ်းတွေကို ရရှိနေတဲ့ လစာအပြင် တစ်လကို ကျပ်သုံးသောင်း ထောက်ပံ့ကြေးအဖြစ် စစ်ကောင်စီက တိုးပေးခဲ့ပါတယ်။

ဒီတခါမှာတော့ စားဝတ်နေရေး သက်သာချောင်ချိစေဖို့အတွက်ဆိုပြီး ဝန်ထမ်းတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ ထောက်ပံ့ကြေး တိုးပေးတာလို့ စစ်ကောင်စီက ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းကတော့ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဝန်ထမ်းတွေကို လစာတိုးပေးခဲ့တဲ့ လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးထားသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အရေးယူဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ မိသားစုဝင်တွေ နဲ့ နီးစပ်သူတချို့က RFA ကို ပြောခဲ့ပါတယ်။

ဒီလို့ဝန်ထမ်းတွေကို လစာတိုးပေးတိုင်း၊ ထောက်ပံ့ကြေးတိုးပေးတိုင်း ကုန်စျေးနှုန်းတွေ တက်လေ့ရှိတာကြောင့် ကုန်စျေးနှုန်းတက်မှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။