ကလေးမြို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွား

2021-05-03
Share
ကလေးမြို့  ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွား ကလေးမြို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားကို တွေ့ရစဉ်
Photo: RFA

ဒီနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးဒေသ ခုခံကာကွယ်ရေးအဖွဲ့ KRDA တို့ ဆည်တောရွာအနီး မြောင်းချောင်းတံတားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ညနေငါးနာရီခွဲအချိန်ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲ​​​ဖြစ်ပွားနေတာကြောင့် နှစ်ဘက်စလုံးရဲ့ ထိခိုက် ဒဏ်ရာရသူတွေကိုတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွားရတာကတော့ ရဲနဲ့စစ်သားတွေက ကျေးရွာတွေကို စစ်ကားနှစ်စီး ရဲကားနှစ်စီးနဲ့လာပြီး အာဏာဖီဆန်ရေး CDM ပါဝင်သူတွေနဲ့ စလောင်းတပ်ဆင်ထားတွေကို ဖမ်းဆီးမှာ စိုးရိမ်တာကြောင့် လမ်းမှာတားဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေက ပြောပါတယ်။

ကလေး​ဒေသခုခံကာကွယ်ရေးအဖွဲ့အစည်း (KRDA) Kalay Regin Defence Association ကို ဧပြီ ၂၀ရက်က ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့