ကသာမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RFA Burmese
2023.01.28
Share on WhatsApp
Share on WhatsApp
ကသာမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ကျောက်ထုံးကြီးရွာအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ကျောက်ထုံးကြီးရွာမှာ ဇန်နဝါရီလ ၂၆ ရက် နေ့လယ်က လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကျောက်ထုံးကြီးရွာက ကိုဆန်းလင်း၊ မမျိုးတို့ ဇနီးမောင်နှံရဲ့ နေအိမ်ခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မမေစန္ဒီလင်း သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးသူလင်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေသွားတဲ့ ကလေးမလေးက မေစန္ဒီလင်း ၁၂ နှစ်ပေါ့နော်။ မောင်နှမနှစ်ယောက် အတူတူရှိနေတာပေါ့။ တစ်ခါတည်း ပွဲချင်းပြီး သေသွားတာ။ ဖြိုးသူလင်း ၁၄ နှစ်က ယောကျာ်းလေးက ဒဏ်ရာရတာ”

အဲဒီနေ့က စစ်ကောင်စီတပ်ဟာ ကျောက်ထုံးကြီးရွာဘက်ကို လက်နက်ကြီး ရှစ်လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၈၉၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။