ကယားလူငယ်တွေ ငြိမ်းချမ်းရေး ဖိုရမ်ကို သပိတ်မှောက်
2015.03.25
ကယားပြည်နယ် လွိုင်ကော်မြို့မှာ မြန်မာငြိမ်းချမ်းရေးစင်တာက ဒီနေ့စတင်ကျင်းပတဲ့ လူငယ်နဲ့ ငြိမ်းချမ်းရေး ဖိုရမ်ကို ကယားပြည်နယ်အခြေစိုက်လူငယ် ကွန်ရက်အဖဲ့ွဝင် တွေက မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးထား တာကြောင့် အစိုးရအဖဲ့ွနဲ့ ဆောင်ရွက်နေ တဲ့ လူငယ်အစီ အစဉ်တွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် လူငယ်များ ကွန်ရက်အဖဲ့ွဝင် လွိုင်ကော်မြို့တာဝန်ခံ ကိုဖြိုးဟိန်းထက် က ပြောပါတယ်။
"တချို့လူငယ်တွေရော၊ ပြီးတော့ဝန်းရံတဲ့အနေနဲ့ရော အဲ့ထဲမှာလူငယ်တချို့လဲပါတယ်၊ ကွန်ရက်နဲ့ ဆက်သွယ်တဲ့သူတွေရောပါတာပေါ့နော်၊ ပြီးတော့အခု ကျနော်တို့ ထုတ်ပြန်ချက်ထုတ်တယ်၊ ထုတ်ပြီးတော့ တချို့ဒေသစုံထဲမှာက အခုကယားပြည်မှာလုပ်နေတဲ့ ငြိမ်းချမ်းရေးမှာ မပူးပေါင်းတော့ဘူးပေါ့နော်၊ အဲ့လို အနေအထားလဲရှိပါတယ်"
ဒီနေ့ကစပြီး ၂၈ ရက်နေ့အထိ ကျင်းပမယ့် လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ကို ကယား ပြည်နယ်အခြေစိုက် လူငယ်ကွန်ရက် အဖဲ့ွဝင် ၂၀ ကျော်က မတက်ရောက်ဘူး လို့ သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်ကွန်ရက်အဖဲ့ွဝင်တွေကလည်း အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကိုရပ်ဆိုင်းလိုက်ကြောင်း ဒီလ ၁၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ကို အားပေးကူညီခဲ့သူတွေ ထဲမှာ လူငယ်ကွန်ရက်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး ဖမ်းဆီးခံထားရသူ ၁၈ ဦးရှိတယ်လို့ သိရပါတယ်။
ကယားပြည်နယ် လူငယ်များကွန်ရက်အဖဲ့ွဝင် လွိုင်ကော်မြို့ တာဝန်ခံ ကိုဖြိုးဟိန်းထက် ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။