CDM လုပ်လိုသူတွေ အမြန်ဆက်သွယ်ဖို့ KNPP အသိပေး

RFA Burmese
2023.09.02
CDM လုပ်လိုသူတွေ အမြန်ဆက်သွယ်ဖို့ KNPP အသိပေး အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသည့် ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။
Photo: RFA

ကယား၊ ကရင်နီပြည်နဲ့ နိုင်ငံတစ်ဝန်းက ဘက်ပြောင်းချင်သူ၊ CDM လုပ်ချင်တဲ့ စစ်ကောင်စီ တပ်သား၊ ရဲ၊ ပြည်ထဲရေး ဝန်ထမ်း အရာရှိတွေ အခြားအဆင့်တွေ အနေနဲ့ CDM ကြီးကြပ်ရေး ကော်မတီကို အမြန်ဆုံး ဆက်သွယ်ကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP က ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

CDM ကြီးကြပ်ရေး လုပ်ငန်းကော်မတီ အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေ အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရတို့နဲ့ တရားဝင် ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDM လုပ်လိုသူတွေနဲ့အတူ ပါလာတဲ့ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာ ကရင်နီပြည် တပ်မတော်နဲ့ မြို့နယ် တပ်တွေဆီကို တရားဝင်အပ်နှံပြီး လုပ်ငန်းကော်မတီ က ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ်သား တစ်သောင်းနီးပါးရှိပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလ ၁၈ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ကယားပြည်နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အရာရှိပိုင်းက မိသားစုတွေ အပါအဝင် အယောက် ၅၀ ကျော် CDM ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ CDM ပြုလုပ်တဲ့သူတွေကို တပ်ပြေးအဖြစ် သတ်မှတ်ပြီး နိဂုံးမလှတဲ့ CDM တပ်ပြေးများ ဆိုပြီးတော့ တပ်တွင်းဝါဒဖြန့်တာတွေ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့ ပေမယ့် CDM စစ်သည်အရာရှိတွေကတော့ ဒီအပေါ် ကန့်ကွက်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မြန်မာဖိုးတုတ်
2023-09-04 05:31

ထမင်းကျွေးထားမှာလားCDMလုပ်တဲ့သူတွေဒီမှာငတ်နေပြီ