ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်း
2015.11.18

Photo: AFP
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့တာဖြစ်ပြီး၊ အခု ၉ လအကြာမှာ မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်နေပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) အရ ပြန်ရုပ်သိမ်းလိုက်တာလို့ သိရပါတယ်။