လွိုင်ကော်တိုက်ပွဲ တစ်လတွင်း နေအိမ် ခြောက်ဆယ်ကျော် မီးရှို့ခံရ

RFA Burmese
2024.07.28
လွိုင်ကော်တိုက်ပွဲ တစ်လတွင်း နေအိမ် ခြောက်ဆယ်ကျော် မီးရှို့ခံရ လွိုင်ကော်မြို့တွင် မီးရှို့ခံထားရသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ နေ့က KNDF မှ ထုတ်ပြန်ခဲ့စဉ်။
KNDF - Karenni Nationalities Defence Force Photo

ကယားပြည်နယ် လွိုင်ကော်မြို့က တိုက်ပွဲ တစ်လနီးပါးအတွင်း နေအိမ် ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း လွိုင်ကော်မြို့ မိုင်းလုံးနဲ့ ရွာတန်းရှည်ရပ်ကွက်တွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ထဲကို အင်အားဖြည့် စစ်ရေးလှုပ်ရှားလာလို့ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နဲ့ မြေကလပ်တောင် နေရာတွေမှာ ဇူလိုင်လဆန်းပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မနေ့ကအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်နဲ့ တိုက်ပွဲငြိမ်နေချိန်တွေမှာပါ စစ်ကောင်စီတပ်က လွိုင်ကော်မြို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ KNDF က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

KNDF ကတော့ စစ်ကောင်စီက ပြည်သူလူထုကို နေရပ်ပြန်ခေါ်နေတာတွေရှိပေမဲ့ လက်ရှိ စစ်ရေးအခြေအနေတွေအရ နေရပ်ပြန်တာတွေ မလုပ်ကြဖို့နဲ့ လုံခြုံရေး သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။