မြန်မာနိုင်ငံက တရားမဝင်နေထိုင်သူတွေကြောင့် လူမျိုးရေးအကျပ်အတည်းဖြစ်ရကြောင်း မဏိပူရ်အစိုးရပြော

RFA Burmese
2024.11.29
မြန်မာနိုင်ငံက တရားမဝင်နေထိုင်သူတွေကြောင့် လူမျိုးရေးအကျပ်အတည်းဖြစ်ရကြောင်း မဏိပူရ်အစိုးရပြော အိန္ဒိယ-မြန်မာနယ်စပ်တွင် စောင့်ကြပ်နေကြသည့် အိန္ဒိယရဲတပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Chin Post

မဏိပူရ်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေးအကျပ်အတည်းဟာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေက ဖန်တီးတာဖြစ်ကြောင်း မဏိပူရ်အစိုးရက နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သူတို့တွေဟာ ပြည်နယ်အတွင်းတရားမဝင် ဝင်ရောက်နေထိုင်ပြီးနောက် တရားမဝင် ဘိန်းစိုက်ပျိုးမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်နှစ်ခွဲကျော်ကြာ လူမျိုးရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး မဏိပူရ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်း (N. Biren Singh) နုတ်ထွက်ပေးဖို့ မီဇိုရမ်အမျိုးသားတပ်ဦး (MNF) က တောင်းဆိုလိုက်တဲ့နောက် နာရီအနည်းငယ်အကြာမှာ မဏိပူရ်အစိုးရရဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မဏိပူရ်မှာကြုံတွေ့နေရတဲ့ တရားမဝင်လူဝင်မှုကြီးကြပ်ရေး နဲ့ မူးယစ်ဆေးဝါးပြသနာ အများစုရဲ့ မူလအစ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဏိပူပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ တည်ရှိနေတာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုတွေကြား မြေယာနဲ့ အလုပ်အကိုင်ရရှိရေး ပြိုင်ဆိုင်မှုတွေအပါအဝင် အကြောင်းအရာအမျိုးမျိုးကြောင့် သဘောထားတင်းမာနေတာ အချိန်ကာလကြာမြင့်နေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။