မတ္တရာမှာ သွေးသောက်အဖွဲ့တံဆိပ်နဲ့ လူငယ်တစ်ဦး အလောင်းတွေ့

RFA Burmese
2023.04.24
မတ္တရာမှာ သွေးသောက်အဖွဲ့တံဆိပ်နဲ့ လူငယ်တစ်ဦး အလောင်းတွေ့ သွေးသောက်အဖွဲ့ တံဆိပ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းရွာမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို သွေးသောက်အဖွဲ့တံဆိပ် ချိတ်ဆွဲလျက်နဲ့ ဧပြီလ ၂၃ ရက်နေ့မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် ကိုကျော်ခန့်ညား (ခေါ်) ကိုဖိုးထောင်ကို ဧပြီလ ၇ ရက်နေ့ညက စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၃ ရက် နေ့လယ်မှာမှ အလောင်းပြန်တွေ့တာလို့ ဒေသခံက RFA ကို ပြောပါတယ်။

"အလောင်းက နဖူးတည့်တည့်ဆံစအနားမှာ ပစ်ခံထားရတဲ့ ဒဏ်ရာရယ်။ ပေါင်မှာ ပစ်ခံထားရတဲ့ ဒဏ်ရာရယ် တွေ့ရတယ်။ ပေါင်ကအနာကတော့ ဖမ်းတဲ့နေ့က ပစ်ဖမ်းလိုရတဲ့ဒဏ်ရာ ဖြစ်ဖို့များတယ်။ ဒဏ်ရာက ကျက်နေပြီလို့ သိရတယ်"

ကိုကျော်ခန့်ညားဟာ ဧပြီလ ၇ ရက်နေ့ညက ရွာကိုပြန်လာရင်း လမ်းက မြကန်သာရွာမှာ လက်ဖက်ရည်ဆိုင် ထိုင်နေချိန် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတာလို့ ဒေသခံက ဆိုပါတယ်။

မိသားစုကတော့ ဧပြီလ ၈ ရက်နေ့မှာမှ ကိုကျော်ခန့်ညား အဖမ်းခံလိုက်ရကြောင်း အတည်ပြုနိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ သွေးသောက်အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အခုလိုကိစ္စမျိုး လေးခုထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။