မော်လိုက်မြို့က NLD တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း သတ်ဖြတ်ခံရ

RFA Burmese
2022.12.16
Share on WhatsApp
Share on WhatsApp
မော်လိုက်မြို့က NLD တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း သတ်ဖြတ်ခံရ မော်လိုက်မြို့နယ် (NLD) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဗိုလ်သိန်းအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်၊ ကံထူးရွာမှာ နေထိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က အမည်မသိ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခေါ်သွားပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ကံထူးရွာအလယ်က စာသင်ကျောင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို လာရောက် စွန့်ပစ်သွားတယ်လို့ မော်လိုက်မြို့နယ်က လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူက ရွှေမျှောလုပ်တယ်၊ စကစနဲ့ရော ပိုင်ဆိုင်ရာတွေနဲ့ရော တရုန်းရုန်းလည်း လုပ်တဲ့ လူပေါ့နော်၊ ရွှေမျှောလုပ်တဲ့ အသိုင်းအဝိုင်းမှာလည်း မကျေနပ်တဲ့ သူတွေရှိတာကြား တော့ ပြောရတော့ နည်းနည်းခက်တာပေါ့၊ ဖမ်းခံရတုန်းက နေအိမ်ကနေပဲ မိသားစုဝင် တွေ ရှေ့ကနေ ခေါ်သွားတာပေါ့"

ဦးဗိုလ်သိန်းဟာ အသက် ၅၀ ကျော် အရွယ်ဖြစ်ပြီး၊ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က မျက်နှာကို အဝတ်စည်းထားတဲ့ လက်နက်ကိုင် လူလေးဦးက ကားနဲ့ ခေါ်ဆောင်သွားတာလို့ သူက ဆိုပါတယ်။

ဦးဗိုလ်သိန်းဟာ NLD ပါတီကနေ မော်လိုက်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ကနေ ၂၀၂၀ ပြည့်နှစ် လွှတ်တော်သက်တမ်း ငါးနှစ်မှာ ပါဝင်ခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ NLD ပါတီက နုတ်ထွက်ကာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေ မယ့် ရှုံးနိမ့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဗိုလ်သိန်း သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့စည်းက ပြုလုပ်ခဲ့တယ်ဆိုတာကို တော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) စာရင်းတွေရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ NLD လွှတ်တာ် ကိုယ်စားလှယ်နဲ့ ပါတီဝင်စုစုပေါင်း ၇၃ ဦးထိ သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။