မန္တလေး NLD နိုင်ငံရေးအကျဉ်းသားတွေကို ငွေကြေး ကူညီ
2010.12.27
မန္တလေး NLD အဖွဲ့ဝင်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က လစဉ် နိုင်ငံရေး အကျဥ်းသားတွေကို ကူညီထောက်ပံ့ ပေးနေရာ အခုလအတွက် နိုင်ငံရေးအကျဉ်းကျ NLD အဖွဲ့ဝင် ၂ ဦးနဲ့ တခြား နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကူညီထောက်ပံ့ ပေးခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုလေးက RFA ကို ပြောပါတယ်။
မန္တလေးထောင်မှာ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ကျခံနေရတဲ့ မိုးကုတ်က ကိုမင်းသူ၊ ပူတာအိုထောင်မှာ ထောင်ဒဏ် ၅ နှစ် ကျခံနေရတဲ့ ဦးရဲမြင့် ခေါ် ဆရာရဲ၊ မန္တလေးထောင်မှာ ထောင်ဒဏ် ၄၈ နှစ် ကျခံနေရတဲ့ ဦးသန်းအောင်တို့ကို ကူညီထောက်ပံ့ ပေးခဲ့ကြောင်း ပြောပါတယ်။
ပဲခူးထောင်မှာ ထောင်ဒဏ် ၈ နှစ် ကျခံနေရတဲ့ NLD အဖွဲ့ဝင် ကိုဝဏ္ဏအောင် အတွက် မန္တလေးမြို့မှာ ရှိတဲ့ မိဘတွေကို ပေးအပ်ခဲ့ပြီး ပူတာအိုထောင်က နိုင်ငံရေးအကျဉ်းသား ဦးရဲမြင့်အတွက် ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ NLD အဖွဲ့ဝင် ဒေါ်ဝင်းမြမြ မိသားစုထံက တဆင့် ပေးပို့ဖို့ စီစဉ်ခဲ့ကြောင်းနဲ့ မန္တလေးထောင်က ကိုမင်းသူနဲ့ ဦးသန်းအောင်တို့အတွက် ထောင်အာဏာပိုင်တွေက လက်မခံတဲ့အတွက် မိသားစုကနေတဆင့် ထောက်ပံ့ပေးခဲ့တယ်လို့ ဦးကိုလေးက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး မန္တလေး NLD အဖွဲ့က ဒီအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က စတင် အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ အကျဉ်းသား မိသားစုဝင် ကျောင်းသား ၂၂ ဦးကို ပညာရေး အထောက်အပံ့ အဖြစ် တဦးကို ကျပ် ၁ သောင်းနှုန်း ကူညီထောက်ပံ့ ပေးခဲ့ကြောင်းလည်း သိရပါတယ်။