အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင် ခုနစ်နှစ်ထပ်မံချခံရ

RFA Burmese
2023.11.16
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင် ခုနစ်နှစ်ထပ်မံချခံရ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်အား တွေ့ရစဉ်။
Thet Hnin Aung/ Facebook

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို တောင်ဒဂုံမြို့နယ်တရားရုံးက‌နေ နိုဝင်ဘာလ ၁၅ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂ဝ၂၂ ခုနစ် ဒီဇင်ဘာလမှာတော့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ထောင်ဒဏ်လွတ်ရက်စေ့တဲ့ ၂ဝ၂၃ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးခဲ့ပြီး ထပ်တိုးပုဒ်မနဲ့ အခုလို ထောင်ဒဏ်ထပ်မံချမှတ်ခဲ့တာပါ။

ကိုသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၃ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ၂၅,၄၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၁၉,၆၈၉ ဦးက ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈,၀၆၁ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။