အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးရမှု ကုလ ပြင်းပြင်းထန်ထန်ရှုတ်ချ

RFA Burmese
2024.08.12
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးရမှု ကုလ ပြင်းပြင်းထန်ထန်ရှုတ်ချ KNU ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ ခေါပိုးပလယ်(မင်းစော) အလယ်တန်းကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
CITIZEN JOURNALIST

မြန်မာနိုင်ငံမှာ အခုသီတင်းပတ်တွေအတွင်း တနေ့တခြား ပိုမိုပြင်းထန်လာနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအမြောက်အမြား သေကြေဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ရှုတ်ချကြောင်း ကုလသမဂ္ဂက ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ရှမ်းပြည်နယ် လားရှိုးမြို့တွေမှာ တိုက်ပွဲတွေကနေထွက်ပြေးဖို့ ကြိုးစားတဲ့ အရပ်သားတွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ ထိတ်လန့်စရာသတင်းတွေကို ကြားသိရကြောင်း၊ မြန်မာပြည်မှာ ပိုမိုပြင်းထန်လာနေတဲ့ ပဋိပက္ခတွေအတွင်း အရပ်သားပြည်သူ သန်းပေါင်းများစွာရဲ့ဘဝတွေ ထိခိုက်နေရတာကို မြင်ရတဲ့အတွက် စိုးရိမ်ပူပန်ရကြောင်း ဖော်ပြထားပါတယ်။

လက်ရှိပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အညီ အရပ်သားပြည်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့အပြင် ဒုက္ခရောက်နေတဲ့ပြည်သူတွေထံကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးပို့ခွင့်ပြုဖို့လည်း ခွင့်ပြုသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၉ သန်းနီးပါး အကူအညီတွေလိုအပ်နေပြီး အဲဒီထဲမှာ ခြောက်သန်းက ကလေးသူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာသန်း တစ်ထောင်နီးပါးလိုအပ်ပေမယ့် လက်ရှိအချိန်အထိ ၂၁၄ သန်းသာ ရရှိသေးတယ်လို့ UNOCHA က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။