မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနိုင်ငံတွေက ပိုပြီးတင်းကျပ်ကန့်သတ်ဖို့ အမေရိကန်မျှော်လင့်

RFA Burmese
2023.07.08
မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနိုင်ငံတွေက ပိုပြီးတင်းကျပ်ကန့်သတ်ဖို့ အမေရိကန်မျှော်လင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ‌ဂိုင်ယာနာနိုင်ငံ၊ ဂျော့ရှ်တောင်းမြို့တွင် တွေ့ရစဉ်။
KENO GEORGE / AFP

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်အပေါ် ပိုပြီးတင်းမာပြတ်သားတဲ့ ကန့်သတ်မှုတွေချမှတ်ဖို့ မျှော်လင့်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ အင်ဒိုနီးရှားခရီးစဉ် မတိုင်ခင်မှာ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီယယ် ကရစ်တန်ဘရင့်က သတင်းထောက်တွေကို ပြောလိုက်တဲ့အကြောင်း ဒီနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အန်တိုနီဘလင်ကန်ဟာ လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို အဓိက အကြောင်းအရာတစ်ခုအဖြစ် ဆွေးနွေးကြမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် တိုးမြှင့်ပြီး ဖိအားပေးဖို့အတွက် နည်းလမ်းတွေကို ကျွန်တော်တို့ ဆက်ပြီးရှာဖွေသွားမှာဖြစ်ပါတယ်လို့ ဒန်နီယယ် ကရစ်တန်ဘရင့်က ပြောသွားပါတယ်။

အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံခေါင်းဆောင်ပိုင်းအစည်းအဝေးတွေ တက်ရောက်ခွင့်မပြုဖို့ တားမြစ်ထားပေမယ့်၊ ထိုင်းနိုင်ငံက မြန်မာ စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ အဆိုပြုထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံအဖွဲ့တွင်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေနဲ့ မိတ်ဖက်တွေအနေနဲ့ အာဆီယံဝန်ကြီးများအဆင့် ညီလာခံတွေမှာ မြန်မာနိုင်ငံရဲ့ ပါဝင်မှုကို အဆင့်နှိမ့် ထားတာကို ဆက်ပြီးထားရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင် တိုးမြှင့်ပြီး ဖိအားပေးဖို့အတွက် နည်းလမ်းတွေကို ကျွန်တော်တို့ ဆက်ပြီးရှာဖွေသွားမှာဖြစ်ပါတယ်လို့ ဒန်နီယယ် ကရစ်တန်ဘရင့်က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။