ဖမ်းဆီးခံထားရတဲ့ မင်းထင်ကိုကိုကြီး၊ နေမျိုးဇင်နဲ့ မနေဇာထွန်းတို့ ကျန်းမာရေးမကောင်းဖြစ်နေ


2019.08.25
minhtinkokogyi-622.JPG ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို အင်းစိန်မြို့နယ်တရားရုံးမှာ ၂၀၁၉ မေ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

တပ်မတော်က တရားစွဲထားတာကြောင့် ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ မနေဇာထွန်းတို့ဟာ ကျန်းမာရေး မကောင်းတာကြောင့် စိုးရိမ်စရာဖြစ်နေကြောင်း မိသားစုဝင်တွေနဲ့ တရားစွဲခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကို ဝေဖန်ရေးသားခဲ့ တာကြောင့် တရားစွဲခံထားရတာဖြစ်ပါတယ်။

တပ်မတော်က တရားမစွဲခင်ထဲက ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာ ဖြစ်ခဲ့တဲ့အတွက် ခွဲစိတ် ကုသမှု ခံယူခဲ့ရပြီး အမှုရင်ဆိုင်ချိန်တွေမှာလည်း ကျန်းမာရေးမကောင်း ဖြစ်နေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ကို ဝေဖန်ဟောပြောခဲ့တာကြောင့် တရားစွဲ ခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ကျန်းမာရေးမကောင်းဖြစ်နေကြောင်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အလားတူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းဟာလည်း အစာအိမ်ရောဂါရှိတဲ့ အတွက် ကျန်းမာရေး အခြေအနေ မကောင်းဖြစ်နေပြီး တခါတရံ သွေးအန်တဲ့ထိ ကျန်းမာရေးအခြေအနေ ဆိုးရွားကြောင်း မနေဇာထွန်းရဲ့ အမျိုးသားဖြစ်သူ ကိုရဲဇော်က ပြောပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။