မန္တလေးမှာ ငွေကြေးကောက်ခံတာမရှိဘူးလို့ MNDAA ပြော

RFA Burmese
2024.09.24
မန္တလေးမှာ ငွေကြေးကောက်ခံတာမရှိဘူးလို့ MNDAA ပြော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
The Kokang Photo

မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ မရှိသလို၊ လက်ရှိမြို့တွင်းမှာ ငွေကြေးကောက်ခံနေတာတွေလည်းမရှိဘူးလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံပြောဆိုလိုက်ပါတယ်။

မန္တလေး၊ တောင်ကြီးနဲ့ မူဆယ်မြို့တွေမှာ ဆိုင်ဘာမှုခင်း (ကျားဖျန့်) ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထံကို MNDAA တပ်ဖွဲ့ဝင်တွေ ယောင်ဆောင်ပြီး ငွေညှစ်၊ ရိက္ခာတောင်း လုပ်နေတာတွေရှိနေတယ်လို့ စက်တင်ဘာလ ၂၃ ရက်ကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ရပ်တွေဟာ MNDAA ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် လုပ်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

အခြေအနေ မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး၊ မသမာသူတွေက ပြစ်မှုကျူးလွန်နေကြတာကြောင့် ပြည်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ပြည်သူလူထုတွေအနေနဲ့ ငွေလိမ်ငွေညှစ်တာတွေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လက်ခံရရှိလာပါက အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီနဲ့ MMDAA ထံကို သတင်းပေးပို့နိုင်ပြီး မသမာသူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။