ဥပဒေ ချိုးဖောက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွားမှု အခြေခံသော ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

2012.04.22

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့်မြို့နယ်၊ စိန်တူကျေးရွာရှိ စိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့မှာပဲ မကွေးတိုင်း ကံမ္မမြို့နယ်မှာ ဗလီနဲ့ စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ကိစ္စ စတဲ့အမှုကိစ္စများ အားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇနများရဲ့ လုံလ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖော်ထားပါတယ်။

ဧပြီလ ၂၀ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလုပ်ရပ်တွေဟာ ဆူပူမှုသက်သက်သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိသလို ဥပဒေချိုးဖောက်မှု ဖြစ်တဲ့အတွက်လည်း ကန့်ကွက်ပါကြောင်း ဖော်ပြပါရှိ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။