မြန်မာနိုင်ငံမှာ လူ ၁၈ သန်းခွဲကျော် အရေးပေါ်အကူအညီလိုအပ်
2024.08.19
မြန်မာနိုင်ငံမှာ ကလေး ခြောက်သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ သြဂုတ် ၁၉ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းဆိုင်နာရေးဆိုင်ရာနေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောကြားလိုက်ပါတယ်။
မြန်မာပြည်သူတွေဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကြီးအကျယ်ပျက်စီးရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။
ကမ္ဘာ့လူသားချင်းစာနာမှုနေ့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ရဲရဲဝံ့ဝံ့ ပေးနေတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတာလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဘေးကျပ်နံကျပ်အခြေအနေတွေ ပိုများလာတဲ့ကြားကပဲ အကူအညီပေးရေး ဝန်ထမ်းတွေဟာ အလိုအပ်ဆုံး လူတွေကို ကူညီဖို့ နေ့စဉ် အရှိန်မြှင့်ဆောင်ရွက်နေပါတယ်လို့ UNOCHA က ပြောပါတယ်။
၂၀၂၄ ပထမနှစ်ဝက်မှာ ရန်ပုံငွေ အခက်အခဲရှိပေမဲ့ လူ ၂ ဒသမ ၁ သန်းကို အကူအညီပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
တချိန်တည်း လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေကို အကြမ်းဖက်တာကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
၂၀၂၃ အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အကူအညီပေးရေးဝန်ထမ်း ၂၈၀ သတ်ဖြတ်ခံရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
အစ္စရေးနဲ့ ဆီးရီးယားမှာ အများဆုံးသေဆုံးရပြီး မြန်မာနိုင်ငံမှာ လေးယောက်သေဆုံးခဲ့ရပါတယ်။