မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အမေရိကန်နဲ့ မိတ်ဖက်တွေ ဆွေးနွေး
RFA Burmese
2023.05.24
2023.05.24

မြန်မာစစ်ကောင်စီ ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ အီးယူ (ဥရောပသမဂ္ဂ)အဖွဲ့ဝင်နိုင်ငံတွေ မေလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မယ့် နောက်ထပ်နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိတယ်။
အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားနေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်အောင်လုပ်ဖို့၊ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်ဖိအားပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်ခေါင်းဆောင်အပါအဝင် လူပေါင်း ၈ဝ ကျော် နဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း ၄ဝ နီးပါးကို ပိတ်ဆို့အရေးယူထားပါတယ်။