လက်နက်တွေတွေ့ရှိမှုနဲ့ မြန်မာအမျိုးသမီးတစ်ဦး ထိုင်းမှာဖမ်းဆီးခံရ

RFA Burmese
2023.09.17
လက်နက်တွေတွေ့ရှိမှုနဲ့ မြန်မာအမျိုးသမီးတစ်ဦး ထိုင်းမှာဖမ်းဆီးခံရ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် စောင့်ကြပ်စစ်ဆေးနေသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
AFP

ထိုင်း-မြန်မာနယ်စပ် ဆန်ခလာဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးကို လက်နက်ခဲယမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ စက်တင်ဘာလ ၁၇ ရက် နေ့က ဖော်ပြပါတယ်။

M 16 ကျည်ခွံ အတောင့် ၉၂၀ နဲ့ M16 ကျည်ဆန်အပြည့်ထည့်ထားတဲ့ ကျည်ကတ်၂၄ ကတ် လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းလိုက်တာလို့ ဆိုပါတယ်။

ကျည်ဆန်တွေပါတဲ့ အညိုရောင် အိတ်တစ်လုံးတွေ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးချိန်မှာ သေတ္တာ ၁၈ လုံးထဲကနေ အဲဒီကျည်ဆန်တွေကို တွေ့ခဲ့ပြီး စောင့်ကြည့်နေချိန်ပဲ မြန်မာအမျိုးသမီးတစ်ဦးက အဲဒီအိတ်တွေကိုလာယူတာကြောင့် ဖမ်းလိုက်တာလို့ သတင်းမှာဖော်ပြပါတယ်။

အဖမ်းခံရတဲ့ အဲဒီအမျိုးသမီးကတော့ ဒီကျည်သေတ္တာတွေဟာ သူ့ပစ္စည်းတွေ မဟုတ်ကြောင်းနဲ့ အိမ်တစ်အိမ်ရှေ့မှာ ပစ္စည်းတွေပုံထားလို့ လာပြီး စူးစမ်းကြည့်ရှုတာသာဖြစ်တယ်လို့ ပြောထားပါတယ်။

အဲဒီအမျိုးသမီးဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်ဘက်ကဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်နေတာ ၁၃ နှစ်ရှိပြီလို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ သူ့ကို နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှု၊ လက်နက်ခဲယမ်းလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။