မြစ်ကြီးနား-မန္တလေး မီးရထားလိုင်းသစ်တစ်ခု ဖွင့်လှစ်
2014.12.22
ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီလီမိတက်က မြစ်ဆုံ မန္တလာအမည်နဲ့ မြစ်ကြီးနား-မန္တလေး အစုန်အဆန်ခရီး စဉ်သစ်တစ်ခုကို တွဲဆိုင်းနှစ်ဆိုင်းနဲ့ ပုဂ္ဂလိကမီးရထား လိုင်းအဖြစ် စတင်ပြေးဆွဲလိုက် ပါတယ်။
အဲ့ဒီရထားလိုင်းကို တိုးချဲ့ပြေးဆွဲလိုက်တာဟာ ခရီးသွားတွေ သွားလာရေးအတွက် ပိုပြီးအဆင်ပြေ လာမှာဖြစ်တယ်လို့ မြစ်ကြီးနားဘူတာရုံပိုင်ကြီး ဦးမြင့်အောင်က ပြောပါတယ်။
"ကျနော်တို့ှဆီကတော့ ဒီနေ့ ၁၁ နာရီ ၃ဝ ပေါ့နော် ဒီနေ့စပြေးလိုက်တာပါပဲ၊ ကျနော်တို့ တိုင်း ၁ မှာတော့ ပုဂ္ဂလိကအနေနဲ့ တိုင်း ၁ ဆိုတာ ကချင်ပြည်နယ်ပေါ့လေ မြစ်ကြီးနား တိုင်း ၁ အနေနဲ့ပေါ့ ပထမဦးဆုံး ပြေးဆွဲတာပါ၊ မီးရထားကိုလည်း တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်း ကူညီတဲ့သဘောနဲ့ သူတို့က ပြေးဆွဲပေးတယ် ဆိုတော့ ခရီးသွားပြည်သူတွေအတွက်တော့ ဒါအားလုံး သွာဖို့လာဖို့တော့ ပိုပြီးတော့ အဆင်ပြေသွား မယ်လို့ ယုံကြည်ပါတယ်"
မြစ်ကြီးနား-မန္တလေး ခရီးစဉ်တစ်လျှောက် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ကောလင်း၊ ရွှေဘို စတဲ့ မြို့တွေက ဘူတာတွေမှာရပ်တန့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ရထားလက်မှတ်ခက မြစ်ကြီးနား-မန္တလေးခရီးစဉ်အတွက် အထက်တန်းလက်မှတ်ခ ကျပ် ၁၆၅ဝဝ နဲ့ ရိုးရိုးတန်းလက်မှတ်ခ ကျပ် ၈၃ဝဝ ဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနား-မန္တလေး အစုန်အဆန်ခရီးစဉ်တစ်ခုအတွက် ကချင်ပြည်နယ်အများပိုင် ကုမ္ပဏီလီမိတက်က အစိုးရကို ကျပ် ၆၉ သိန်း ပေးဆောင်ရတယ်လို့လည်း အဲ့ဒီရထားလိုင်းရဲ့ ကြီးကြပ်ရေးမှူး ဦးသိန်းယုက ပြောပါတယ်။