မျိုးစောင့်ဥပဒေကြမ်း နှစ်ခု ထုတ်ပြန်တော့မည်


2014.05.05
Share on WhatsApp
Share on WhatsApp

သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ရေးဆွဲနေတဲ့ ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ရေးဆွဲပြီးစီးနေပြီဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ပြည်သူကို ချပြ အသိပေးသွားမယ်လို့ ကော်မရှင်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီဥပဒေကြမ်းတွေ ရေးဆွဲပြီးစီးမှု အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ်မှာ ဥပဒေကြမ်း ရေး ဆွဲရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောကြား ခဲ့တာပါ။

"ပထမအကြိမ် အစည်းအဝေးတုန်းကတော့ ပုံကြမ်းဆိုပြီးတော့ချပြတယ်၊ ကြားကာလမှာ ဆွဲတယ်၊ ၂၉၊ ၃ဝ လုပ်တဲ့ အစည်းအဝေးမှာ အဲဒီမူကြမ်းချပြပြီးတော့ ကော်မတီဝင် အဖွဲ့ဝင်တွေ ဆွေးနွေးကြပါတယ်၊ ပထမမူကြမ်းအနေနဲ့တော့ ပြီးပါပြီခင်ဗျ၊ ဘယ်လိုပါမယ်ဆိုတာကတော့ မကြာခင် အများပြည်သူကိုအသိပေးဖို့ အစီအစဉ်ရှိပါတယ်"

လက်ရှိရေးဆွဲထားတဲ့ ဥပဒေကြမ်းကို  ပြည်သူတွေရဲ့ အကြံဉာဏ်တွေကို ရယူပြီးပါက လိုအပ်တာတွေကို ပြန် လည် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကော်မရှင်အနေနဲ့ အပြီးသတ် ပြုစုရေးဆွဲပြီးတဲ့ ဥပဒေ ကြမ်းနှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံတင်ပြရမှာလည်း ဖြစ်ပါတယ်။

ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အတွင်းရေးမှုး ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။