မြန်မာအစိုးရအပေါ် လက်နက်ပိတ်ဆို့ရေး ကုလသမဂ္ဂကို NCUB တောင်းဆို
2011.08.02
Photo Courtesy of Conference Organizers
NCUB ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က
“ကျနော်တို့ တောင်းဆိုနေတာ ကြာပါပြီ။ အပြည်ပြည်ဆိုင်ရာမှာလည်း ပြောနေတာ ကြာပါပြီ။ သို့သော်လည်း အခုချိန်မှာ ပိုပြီးတော့ ထင်ရှားလာတာက ကျနော်တို့ ပြည်တွင်းမှာ လက်နက်ငယ်တွေတင် မကတော့ဘဲ လေယာဉ်ပျံ သုံးပြီး ဗုံးကြဲတဲ့ ကိစ္စတို့ အထူးသဖြင့် လက်နက်ကြီးတွေ ၁၂၀ မော်တာတွေနဲ့ ပစ်တဲ့ ကိစ္စတွေကို ကြည့်တဲ့ အခါ ကျနော်တို့ ပြည်တွင်းစစ်မှာ ဒီလို လက်နက်တွေ သုံးလာနိုင်တာက အပြည်ပြည်ဆိုင်ရာ ကနေပြီးတော့ လက်နက်တွေကို ပိတ်ပေးဖို့လိုတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်သူတွေကို ကာကွယ်တဲ့ အနေနဲ့ ဒါကို ပိတ်ပင်ပေးပါလို့ တောင်းဆိုတာ ဖြစ်ပါတယ်ခင်ဗျ”
ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အိတ်ဖွင့် ပေးစာပေးပို့တိုက်တွန်းထားတာကိုလည်း NCUB နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ထောက်ခံထားပြီး ဖြစ်ကြောင်းလည်း ဦးမောင်မောင်က ပြောပါတယ်။
အခုလို အစိုးရက တိုင်းရင်းသား ဒေသတွေမှာ စစ်ဆင်ရေးတွေ ဆက်တိုက် ပြုလုပ်နေချိန်မှာ ကုလသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး အနေနဲ့ မြန်မာအစိုးရကို စစ်လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်သွားဖို့ အထူးလိုအပ် နေကြောင်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင် က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |