NUG ဝန်ကြီးတွေ Global Townhall ဆွေးနွေးပွဲက ဖယ်ရှားခံရ

2022.11.09
Share on WhatsApp
Share on WhatsApp
NUG ဝန်ကြီးတွေ Global Townhall ဆွေးနွေးပွဲက ဖယ်ရှားခံရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုဝန်ကြီး ဦးမိုးဇော်ဦး။
Photo: RFA

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အင်ဒိုနီးရှား နိုင်ငံခြားရေးရာရပ်ဝန်း FPCI က ကြီးမှူးကျင်းပတဲ့ Global Townhall ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားထားပြီးမှ ဖယ်ရှားခံလိုက်ရပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေ တက်ရောက်ကြတဲ့ ဒီဆွေးနွေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပခဲ့တာပါ။

အခမ်းအနားစီစဉ်တဲ့သူတွေကို ဖိအားပေးတာတွေ ရှိခဲ့တာကြောင့် ဝန်ကြီး ဒေါ်ဇင်မာအောင်ရော၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ပါ တက်ရောက်မိန့်ခွန်းပြောခွင့်မရခဲ့ဘူးလို့ ဒေါ်ဇင်မာအောင်က သူ့လူမှုကွန်ရက် စာမျက်နှာကနေ ဒီနေ့ ထုတ်ပြန်ပါတယ်။

ဘယ်လိုဖိအားပေးတာတွေ ရှိခဲ့လဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ဆွေးနွေးပွဲမှာ NUG ကိုယ်စားပြုသူတွေကို ဖယ်ရှားပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်မြင့် အရာရှိတစ်ဦးက တောင်းဆိုလာတာကြောင့် ဖယ်ရှားတာ ခံလိုက်ရတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

RFA အနေနဲ့ အသေးစိတ်သိနိုင်ဖို့ ဒေါ်ဇင်မာအောင်ကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မိန့်ခွန်းပြောခဲ့တဲ့ အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာကတော့ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂရဲ့ သစ္စာဖောက်တာကို ထပ်ခံလိုက်ရတယ်လို့ ဝေဖန်ပါတယ်။

314511974_3495025034067175_4103143403393889355_n.jpg

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက တစ်ဖက်ဖက်ကို ရပ်တည်တယ်ဆိုတဲ့ အမြင်ဖြစ်ပေါ်လာနိုင်တာကြောင့် NUG ကိုယ်စားလှယ်တွေ ဖယ်ရှားခံရတာလို့ ကြားသိရကြောင်းနဲ့ ကုလရဲ့ ကြားနေရေးဝါဒကိုလည်း သမ္မတဟိုဆေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မေးခွန်းထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုရော၊ အမျိုးသား ညီညွတ်ရေးအစိုးရကိုပါ အသိအမှတ်ပြုထားတာ မရှိပါဘူး။

ကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားဖို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြင်ဆင်ထားတဲ့ မိန့်ခွန်းထဲမှာ NUG အစိုးရကို အသိအမှတ်ပြုဖို့၊ NUG အစိုးရကသာ မြန်မာနိုင်ငံအတွက် လွတ်လပ်ခွင့်ကို လုပ်နိုင်မှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ တောင်းဆိုထားတာတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-11-10 01:39

I see an attendee with the Chinese flag in the above picture. Who know what China did to remove DZMA?