အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ

2021-06-07
Share
အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ ရန်ကုန်မြို့တွင်းမှာတွေ့ရတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ။
File Photo/ AFP

အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၇ ရက် ဒီကနေ့ ကြေညာပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းအပါအဖွဲ့အစည်းတွေဟာ အရပ်သား ၈၀၀ ကျော်ကို သတ်ဖြတ်တာ၊ လူပေါင်း ၅၀၀၀ ကျော်ကို မတရား ဖမ်းဆီးချုပ်နှောင်တာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေအပြင် တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျအောင်လုပ်နေပြီး ဒီလုပ်ရပ်တွေဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေလို့ NUG က ကြေညာချက်ထဲမှာပြောထားပါတယ်။

စစ်ကောင်စီ ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း NUG က ပြောပါတယ်။ စစ်တပ်ရဲ့ပြစ်မှုတွေကို နိုင်ငံတကာတရားရုံး ICJ ကို တရားစွဲတင်နိုင်ဖို့ NUG က ကြိုးစားနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကလည်း NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက စွပ်စွဲနေတာဟာ အခြေအမြစ်မရှိသလို၊ NUG ကို အကြမ်းဖက်ပုဒ်မနဲ့ အရေးယူနိုင်လောက်တဲ့ ပြစ်မှုမြောက်တာမရှိဘူးလို့ NUG ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့