ကျမ်းသစ္စာ အသုံးအနှုန်း ပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်
2012.04.21
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခု ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။
လာမယ့် လွှတ်တော်အစည်းအဝေးမှာ အရင်လွှတ်တော်သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။