အွန်လိုင်းဒုစရိုက်ဂိုဏ်းကနေလွတ်မြောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတွေ နေရပ်ပြန်ရောက်

RFA Burmese
2024.09.06
အွန်လိုင်းဒုစရိုက်ဂိုဏ်းကနေလွတ်မြောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတွေ နေရပ်ပြန်ရောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မြင်တွေ့ရသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မြင်ကွင်း။
Photo: RFA

မြန်မာနိုင်ငံ အွန်လိုင်းဒုစရိုက်ဂိုဏ်းတစ်ခုကနေ ပြန်လည်လွတ်မြောက်လာတဲ့ သီရိလင်္ကာနိုင်ငံသား အယောက် ၂၀ သီရိလင်္ကာကို ပြန်ရောက်လာပြီလို့ Daily Mirror သတင်းက မနေ့က ဖော်ပြပါတယ်။

အဲထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး လေးယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့တွေကို မြန်မာကနေ ထိုင်းနိုင်ငံကို ပို့ဆောင်ခဲ့ကြတာဖြစ်ပြီး ဘန်ကောက်ကနေတစ်ဆင့် သီရိလင်္ကာကို စက်တင်ဘာ ၅ ရက် ညပိုင်းက ပြန်ရောက်လာတာလို့ သတင်းက ရေးသားထားပါတယ်။

ကရင်ပြည်နယ် မြဝတီမှာ လည်ပတ်နေတဲ့ အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံရတဲ့ သီရိလင်္ကာနိုင်ငံသား ၅၄ ယောက်ထဲက အယောက် ၂၀ ပြန်လွတ်လာတာဖြစ်ပါတယ်။

သီရိလင်္ကာ လူဝင်မှုကြီးကြပ်‌ရေးဌာန၊ လူကုန်ကူးမှုနဲ့ ရေကြောင်းရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနခွဲတို့က တာဝန်ရှိသူတွေက သူတို့ရဲ့ ကိုယ်ရေးအခက်အလက်တွေကို မှတ်တမ်းယူပြီးနောက် သူတို့အိမ်တွေကို ပြန်ပို့ ဆောင်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဆီကနေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး ခိုးယူခဲ့ကြတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက်မှာရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ၅၀ ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။