ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မတရား အနိုင်ယူကြောင်း ပြိုင်ဖက်ပါတီများပြောကြား

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ မဲအပြတ်အသက် အနိုင်ရခဲ့တဲ့ ပါတီတွေ မဲရေတွက်ပြီးချိန်မှာ အနိုင်ရရှိခဲ့ကြပေမဲ့ အာဏာပိုင်တွေ ထပ်မံ ယူဆောင်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်သွားခဲ့ရတယ်လို့ အဲဒီ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

2010.11.08
usdp_logo_election_305_z.png ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။
Photo: RFA

အာဏာပိုင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် လိုအပ်တဲ့ မဲအရေအတွက်ကို ကြိုတင်မဲတွေ အဖြစ် အပိုအလျှံ အဆင်သင့် စီစဉ်ထားခဲ့တာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေပဲ အပြတ်အသက် အနိုင်ရရှိသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကရင် ပြည်သူ့ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြထားပါတယ်။ အရင်ဆုံး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ရွေးကောက်ပွဲကော်မရှင်၊ ဒေသဆိုင်ရာအာဏာပိုင်နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲ မဲပေးရာမှာနဲ့ မဲရေတွက်ရာတွေမှာ လိမ်လည်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ ပါတီ ခေါင်းဆောင်တွေနဲ့ ဝင်ရောက် အရွေးခံခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ပြောဆိုခဲ့ကြပါတယ်။ စနစ်တကျ ပြင်ဆင်ထားပြီး ကြိုတင်မဲတွေလို့ဆိုကာ မနိုင်မချင်းမဲတွေကို ထပ်ဖြည့်ခဲ့ကြတဲ့အတွက် နိုင်နေရာကနေ ရှုံးခဲ့ကြရပါတယ်။

ဒီအခြေအနေတွေကို ဦးခင်မောင်ဆွေ၊ NDF/ ဒေါ်စုစုအောင်၊ ဦးချစ်ဝင်းအောင် NDF ကိုယ်စားလှယ် ဘိုကလေးနဲ့ SNDP ပြောခွင့်ရပုဂ္ဂိုလ်တွေကို RFA မှ ကိုဇော်မိုးကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတချို့ရဲ့ ရွေးကောက်ပွဲရလဒ် အခြေအနေကို အဲဒီပါတီတွေက ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။