ဦးပါမောက္ခ လွတ်မြောက်


2018.03.09
parmaukkha-622.jpg ပြန်လည်လွတ်မြောက်လာတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ ကို ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ထောက်ဒဏ် ၃ လ ချမှတ်ခံခဲ့ရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခဟာ ဒီကနေ့ ချုပ်ရက်ပြည့်တဲ့အတွက် ပြန်လည် လွတ်မြောက်လာ ခဲ့ပါတယ်။

ဆရာတော် ဦးပါမောက္ခက အမျိုးသားရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မိန့်ပါတယ်။

"အဓိကကတော့ ဘုန်းကြီးကို တရားဥပဒေစိုးမိုးရေးအတွက်လုပ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး G1 ဦးမြင့်ဌေးကနေပြီးတော့ အမှုဆင်ပြီးတော့ ဖမ်းပြီးတော့ ထည့်လုပ်လိုက်တာ ဘုန်းကြီးက အမျိုးသားရေးသမားကော နိုင်ငံရေးသမားကော မည်သူမဆို တရားမျှတစွာဖြင့် အားလုံးအတွက် လက်တွဲပြီးတော့ ဒီလုပ်ငန်းတွေကို ဆက်လုပ်သွားမှာ အမျိုးသားရေးတစ်ခုတည်းရယ် မဟုတ်ဘူး တရားဥပဒေစိုးမိုးရေးအတွက်လည်း ဘုန်းကြီးကတွဲပြီးတော့လုပ်သွားမှာ"

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလက အမေရိကန်သံရုံးရှေ့မှာ ပြုလုပ်တဲ့ဆန္ဒပြပွဲမှာ ဆရာတော်ဦးပါမောက္ခ ပါဝင်ခဲ့တဲ့ အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ဆရာတော် ဦးပါမောက္ခကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က လူဝတ်လဲစေပြီး ဖမ်းဆီးခဲ့တာ ဖြစ် ပါတယ်။ ဦးပါမောက္ခက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး လာမယ့် မတ်လ ၁၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။