လွှတ်တော်ပြင်ပမှ လှုပ်ရှားမည်ဟု ဦးသုဝေပြောကြား
2010.11.19
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက အခုလိုပြောပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်တာပေါ့နော်၊ တရားမမျှတတွေ အများကြီး တွေ့ရတယ် ဆိုတာကို ပြောပြလိုက်တာပေါ့နော်၊ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒါက သူက အစီအစဉ် ရှိရှိနဲ့ သူနိုင်အောင် ဖန်တီးသွားတယ်လို့ ယူဆတာပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီ ရွေးကောက်ပွဲကြီးဟာဖြင့်ရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဖော်ထုတ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ဖြစ်မဲ့အစားပေါ့နော်၊ အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်လို့ ကျွန်တော်တို့ ဒါ သုံးသပ် ကောက်ချက်ချလိုက်တာပေါ့နော်။”
မြန်မာနိုင်ငံ အပြောင်းအလဲကို လွှတ်တော်တွင်းမှာ ပြောဆို ဆောင်ရွက်သွားမယ်လို့ အရင်က ရည်ရွယ်ခဲ့ပေမဲ့ အခုတော့ လွှတ်တော်ပြင်ပကနေ လှုပ်ရှား ဆောင်ရွက်သွားမယ်လို့ ဦးသုဝေက ပြောပါတယ်။
“ကျွန်တော်တို့ကတော့ မူလတုန်းက မျှော်လင့်တာကတော့ တိုင်းပြည်အတွက် ကျွန်တော်တို့ လွှတ်တော်ထဲမှာ ဆွေးနွေးမယ်၊ တိုင်ပင်မယ်၊ ပြီးတဲ့နောက် တိုင်းပြည်အတွက် ဝိုင်းပြီးတော့ လုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော်။ အခုတော့ ကျွန်တော်တို့က လွှတ်တော်ထဲကို ရောက်လာတဲ့ အခြေအနေ မရှိတော့ဘူး။ မရှိပေမဲ့၊ ကျွန်တော်တို့ကတော့ လွှတ်တော် ပြင်ပပေါ့နော်၊ လွှတ်တော် ပြင်ပမှာလည်းပဲ ဒီလိုပဲ လုပ်လို့ ရတဲ့ နည်းတွေ ရှာပြီးတော့ ကျွန်တော်တို့ ပါတီတွေ စုပေါင်းပြီးတော့ လုပ်မှာပေါ့နော်။”
ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း ၄၉ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး၊ ၃ နေရာ အနိုင်ရခဲ့ပါတယ်။
ဒီသတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုကို RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |