ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ ဗုံးကွဲ

2021.05.30
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ ဗုံးကွဲ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့က အလယ်တန်းကျောင်း မီးလောင်နေတာကို တွေ့ရစဉ်
Photo: Citizen Journalist

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့မှာ စနေနေ့ညပိုင်းက ဗုံး နှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

စနေနေ့ည ၁ဝ နာရီ ၁ဝ မိနစ်မှာ တစ်ကြိမ်၊ ၁ဝ နာရီ ၃၃ မိနစ်မှာ တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းက စံခရဘူရီခရိုင်နယ်စပ် စစ်ဆေးရေးဂိတ်ကနေ ပေါက်ကွဲသံတွေကို ကြားရတယ်လို့ဆိုပါတယ်။ ပေါက်ကွဲမှုတွေအပြီး ထိုင်းနယ်စပ်နဲ့ ပေ နှစ်ရာလောက်ဝေးတဲ့ မြန်မာဘက်ခြမ်းက စာသင်ကျောင်းတစ်ခု မီးလောင်ခဲ့တာကိုလည်း နယ်စပ်ဂိတ်ကနေ ရှင်းရှင်းလင်းလင်းမြင်ရတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။

အဲဒါကြောင့် ထိုင်းနယ်ခြားစောင့် ကင်းလှည့်တပ်ဖွဲ့တွေနဲ့ ခရိုင်အရာရှိတွေကို နယ်စပ်စစ်ဆေးရေးဂိတ်မှာ စောင့်ကြည့်ဖို့ တပ်ဖြန့်ချထားခဲ့ပါတယ်။ နောက်တနေ့ မနက် တနင်္ဂနွေနေ့မှာတော့ ဗုံးတွေ ပေါက်ကွဲခဲ့တာဟာ ဘုရားသုံးဆူမြို့က အလယ်တန်းကျောင်းတစ်ခုဖြစ်ပြီး ကျောင်းအဆောက်အဦးနဲ့ နံရံတစ်ခု အနည်းငယ် ပျက်စီးခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့က သတင်းသမားတွေကို ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေကြောင့် လူထိခိုက်သေဆုံးတာမရှိသလို ဘယ်သူ့ရဲ့လက်ချက်လည်း ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။