ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်နိုင်ငံ အထက် လွှတ်တော်အမတ် Loren Legarda က ဒီကနေ့ နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010.12.26
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပြပါတယ်။

“ဖိလစ်ပိုင် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသမီးဗျ၊၊ မစ္စ လောရင်။ သူ ဒီနေ့ လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်”

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် Ms. Legarda နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်တာ မရှိပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ကြဖို့ ရှိတယ်ဆိုပြီး မြန်မာနိုင်ငံကို မထွက်ခွာခင် အဲဒီ ဖိလစ်ပိုင် လွှတ်တော်အမတ်က မနီလာမြို့မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းရာမှာ အမျိုးသမီး ခေါင်းဆောင်တွေရဲ့ အရေးပါမှုကို ဖော်ပြနေတယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော် အမတ် Ms. Legarda အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်အောင် သူမရဲ့ မိတ်ဆွေရင်းဖြစ်သူ အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos Horta က စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-26 20:47

mother su kan kung par sae