ဆန္ဒပြ မြန်မာအလုပ်သမား ၂ ဦးကို မလေးရှားရဲ ဖမ်းဆီး
2011.05.06
အဲဒီစက်ရုံကတော့ Johore ပြည်နယ် Sanai Jayar မြို့နယ်မှာရှိတဲ့ Rohe Birt Electronics ပစ္စည်းထုတ်စက်ရုံလို့ သိရပြီး မြန်မာ၊ နီပေါလ်၊ Bangladesh နဲ့ ဗီယက်နမ် အလုပ်သမားတွေ ငှားရမ်း လုပ်ကိုင် လည်ပတ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။
ဆန္ဒြပရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမား ၂၄ ယောက်အနက် တဦးဖြစ်တဲ့ ကိုသန်းစိုးအောင်က RFA ကို အခုလို ပြောပါတယ်။
“နေရတာက ၂၄ ယောက်။ ကျွန်တော်တို့ နေရတဲ့ ဟောခန်းကြီးထဲမှာ ကျွန်တော်တို့ ၂၄ ယောက်က မနက်ခင်းမှာ ထချိုးတယ်၊ ရေချိုးခန်း၊ အိမ်သာ ၂ လုံး၊ ရေချိုးခန်း ၂ ခန်းနဲ့ အပြင်ဖက် ဟောခန်းမှာ တခါ ရေချိုးခန်း တခန်း ဆင်ပေးထားတယ်။ ရေချိုးကြတယ်၊ သူငယ်ချင်းတွေ အကုန်လုံး၊ စောစောထတဲ့လူတွေက။”
“ချိုးတော့ကျ ကျွန်တော်တို့ ရေသံတွေနဲ့ အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော်တို့လည်း အဲဒီ အဆောင်ကို တဝက်ခွဲပေးပါ၊ လူတွေကလည်း များတယ်၊ ထမင်းဟင်းချက်တာလည်း အောခန်းထဲဆိုတော့ လှောင်ပိတ်နေတော့ ညှော်တွေနံတော့ကျ ကျွန်တော်တို့ ခြေထောက်တွေ ဘာတွေ ညောင်းကိုက်တယ်။”
အခုလို အလုပ်မဆင်းပဲ ဆန္ဒပြ နေကြတဲ့အချိန်မှာ မြန်မာ အလုပ်သမားထဲက ၂ ဦးကို အဆောင်ကနေ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေ တဲ့ Burma Campaign Malaysia အဖွဲ့ကို မြန်မာ အလုပ်သမားတွေက အကူအညီ တောင်းခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ BCM အဖွဲ့တာဝန်ခံ ကိုထွန်းထွန်းက အခုလို ပြောပြပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို စုံစမ်းပြီးတော့ ဒါကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက်တခါ ကျွန်တော်တို့ အခု ဖြစ်တဲ့ ပြဿနာသည် ဝါဏိဇ္ဇ ပဋိပက္ခဖြစ်တဲ့အတွက် ဒါက ရဲ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူးဆိုတာကို ကျွန်တော်တို့ အနေနဲ့ မလေးရှား လူ့အခွင့်အရေး ကော်မရှင်မှာ ကျွန်တော်တို့ သွားရောက်တိုင်တန်းမယ်။ ဒီဟာတွေ မလုပ်ခင်မှာ ကျွန်တော့အနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ သွားပြီးတော့ ဝါဏိဇ္ဇ ပဋိပက္ခကို တိုင်တန်းမယ်။”