ကြည့်မြင်တိုင် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် PPST ရှုတ်ချ

2021.12.07
Share on WhatsApp
Share on WhatsApp
ကြည့်မြင်တိုင် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် PPST ရှုတ်ချ ကြည့်မြင်တိုင်မြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့စဥ်
AFP Photo
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဒီဇင်ဘာ ၇ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
 
အရပ်သားတွေကို အကာအကွယ်ပေးရေး ရှေးရှုပြီး ဒီလိုထုတ်ပြန်ရတာလို့ (PPST) က ဆိုပါတယ်။
 
ဒီဆန္ဒပြပွဲကို ကားနဲ့တိုက်ဖြိုခွင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က သူတို့ရဲ့ ကြုံတွေ့လာရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ထိရောက်တဲ့ ဟန့်တားမှုမျိုး ဆောင်ရွက်ရခြင်းဖြစ်မယ် ထင်ပါတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ က RFA က မေးမြန်းစဥ် ကာကွယ်ပြောဆိုထားပါတယ်။
 
ဒီဖြစ်ရပ်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ခေါင်းဆောင် ဦးနိုင်အောင်မင်းက ဆိုပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကြောင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပြဿနာတွေ အဖြေရှာဖို့ အလှမ်းဝေးစေတယ်လို့ လည်း (PPST) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့