မြန်မာ့ရေနံလုပ်ကွက်တွေ ထိုင်း PTTEP သက်တမ်းထပ်မံတိုးဖို့ရှိ

RFA Burmese
2023.10.03
မြန်မာ့ရေနံလုပ်ကွက်တွေ ထိုင်း PTTEP သက်တမ်းထပ်မံတိုးဖို့ရှိ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းအား တွေ့ရစဉ်။
PTTEP

ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံတွင်းလုပ်ကိုင်နေတဲ့ သဘာဝ ဓာတ်ငွေ့တွင်း လုပ်ကွက်နှစ်ခုကို စာချုပ်သက်တမ်းတိုးဖို့ ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက အောက်တိုဘာ ၃ ရက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ကိုင်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေချိန်မှာပဲ PTTEP က ထပ်မံသက်တမ်းတိုးဖို့ ဆောင်ရွက်နေတာပါ။

အခုသက်တမ်းတိုးဖို့လုပ်နေတဲ့ လုပ်ကွက်နှစ်ကွက်ကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅ဝ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂ဝ ရာခိုင်နှုန်း အထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။

လုပ်ကွက်တစ်ကွက်ဟာ လာမယ့် ၂ဝ၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး နောက်တစ်ကွက်ကတော့ နောက်နှစ်ပေါင်း ၂ဝ အတွင်း သက်တမ်းကုန်ဆုံးမယ်လို့ သတင်းမှာ ပါရှိပါတယ်။

အခုသက်တမ်းတိုးဖို့လုပ်နေတာဟာ လုပ်ငန်းထပ်တိုးချဲ့တာမဟုတ်ဘဲ ထိုင်းနဲ့ မြန်မာကြား လျှပ်စစ်စွမ်းအင် လုံလောက်အောင်ကြိုးစားနေတာသာဖြစ်တယ်လို့ PTTEP ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။