ပြည်က ယာဉ်ထိန်းရဲကင်း ဗုံးပေါက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦး ဒဏ်ရာရ

2021-05-11
Share
ပြည်က ယာဉ်ထိန်းရဲကင်း ဗုံးပေါက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦး ဒဏ်ရာရ ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံရှေ့ ယာဉ်ထိန်းရဲကင်းစခန်း မေလ ၁၁ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့မြင်ရစဥ်။
Photo: Pyu Regional News

ပဲခူးတိုင်း၊ ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံရှေ့ ယာဉ်ထိန်းရဲကင်းစခန်းမှာ ဒီနေ့ည ၇ နာရီကျော်က ဗုံးပေါက်ကွဲဖြစ်ခဲ့ပြီး ကင်းစောင့်နေတဲ့ တပ်သား အနည်းဆုံး ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လူကြီးလမ်းကြောင်း ရှိတာကြောင့် ကင်းစောင့်ပေးနေတုန်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေထဲက တချို့ဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။ သူတို့ကို ဆေးကုသပေးဖို့ ခုတင် ၁၀၀ စစ်ဆေးရုံကို ခေါ်သွားတယ်လို့လည်း ဆိုပါတယ်။

ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ဟာ ယာဉ်ထိန်းရဲ ၃ ယောက်၊ စစ်သား ၂ ယောက်နဲ့ မီးသတ် ၂ယောက်ဖြစ်တယ်လို့ ဒေသအခြေစိုက် Pyu Regional News သတင်းက ဖော်ပြပါတယ်။

ပေါက်ကွဲအား ပြင်းတာကြောင့် ရဲကင်းစခန်းပါ မီးလောင် ပြိုပျက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်အပြီး အဲ့ဒီနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့