မုန်တိုင်းသင့် ရသေ့တောင်မှာ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ

RFA Burmese
2023.05.26
မုန်တိုင်းသင့် ရသေ့တောင်မှာ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ် အောင်သာယာရွာမှ အပျက်အစီးများကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က မုန်တိုင်းဘေးသင့်ခဲ့တဲ့ အောင်သာယာ၊ ပန်းဖော်ပြင်၊ ကျွန်းပေါ်၊ ခွဆုံ၊ ကညင်ချောင်း၊ မိညိုတောင့်၊ သာစည်နဲ့ ကျူံးပြင်စတဲ့ ကျေးရွာတွေမှာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

လက်ရှိမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်ကြသေးတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ဒေသအခြေစိုက် မေယုရင်ငွိ လူမှုကူညီရေးအသင်းက ကိုကျော်ထက်လင်းက ပြောပါတယ်။

“မုန်တိုင်းကြောင့် ကျွန်တော်တို့ဘက်မှာ ရွာတိုင်းနီးပါး အားလုံးပျက်စီးသွားတယ်။ ကူညီကယ်ရေးအဖွဲ့တွေလည်း မရောက်သေးဘူး။ ဒေသခံတွေ တော်တော်လေးကို ခက်ခဲနေပါတယ်။ အဓိကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးကြီးပါတယ်”

အချိန်ကြာလာတာနဲ့အမျှ ပိုပြီးခက်ခဲလာနိုင်တာကြောင့် အမြန်ဆုံး အကူအညီပေးကြဖို့ကို ဒေသခံတွေ တောင်းဆိုနေကြပါတယ်။

စစ်ကောာင်စီကတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာပါအဝင် လိုအပ်တဲ့အကူအညီတွေကို ရခိုင်ပြည်နယ်ကို ဆက်တိုက်ပို့ပေးနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်ဖော်ပြနေပါတယ်။

ဒါပေမဲ့ ရသေ့တောင်မြို့နယ်က အဲဒီဒေသခံတွေကတော့ ဒီနေ့အထိ ဘာအကူအညီမှ မရကြသေးဘူးလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။