ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဒီနှစ်ကုန်ပိုင်း စတင်မည်
2023.08.30
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Masud Bin Momen က ပြောပါတယ်။
ရိုဟင်ဂျာ သုံးထောင်ခန့်ကို ပြန်ပို့နိုင်ရေး စာရင်းပြုစုထားပြီး ကနဦးအနေနဲ့ လူဦးရေ တစ်ထောင်ကို စတင်ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကိုသွားမှာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ တစ်နှစ်ကို လူဦးရေ သုံးထောင်ခန့် အသစ်မွေးဖွားလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ အကျပ်အတည်းတွေ တိုးလာနေတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး ဆက်တိုက်လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ပြီး ပံ့ပိုးကူညီဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။